ထူးထူးခြားခြား ဓါတ်ပုံတွေ ဖန်တီးချင်ရင်
ဒီဓါတ်ပုံတွေလား.... ဟဲ...ဟဲ ဘယ်မှာမှရိုက်ထားတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ဖန်တီးထားတာပါ။ စိတ်ဝင်စားရင် သွားကြည့်ပါ။ effect တွေအများကြီးပေးထားတယ်ဗျ။ ၄၀ ကျော်လောက်ရှိမယ်။ ဖန်တီးရတာလဲ လွယ်ပါတယ်။ frame လေးတွေလည်း ပေးထားတယ်ဗျ။
Sunday, February 21, 2010
ဂရပ်ဖစ်ဒီဇိုင်းတွေသင်မယ် ဂရပ်ဖစ်ဒီဇိုင်းကို အွန်လိုင်းကနေ လေ့လာချင်သူတွေအတွက် ဆိုက်တစ်ခုကို ဖော်ပြချင်ပါတယ်။သည်ဆိုက်မှာ Adobe Photoshop, Corel, Paint Pro စတဲ့ ဆော့ဖ်ဝဲတွေကနေ ဂရပ်ဖစ်ပုံတွေ ဖန်တီးနည်းကို ပြသထားပါတယ်သူရဲ့ ထူးခြားချက်က သင်ခန်းစာတွေကို ကိုယ်လေ့လာလိုတဲ့ အပိုင်းကိုရွေးပြီး လေ့လာနိုင်တာပါပဲ။ သင်ကအခုမှစလေ့လာမယ်ဆိုရင်လဲ သူက အစကနေသင်ပေးမှာပါ။ စီးပွားရေး လုပ်ငန်းသုံးလိုဂိုရေးဆွဲနည်း ၊ ၀တ်ဘ်ဆိုက်တွေမှာသုံးလေ့ရှိတဲ့ လူပ်လူပ်ရွရွ GIF ပုံလေးတွေ ဖန်တီးနည်းကိုလဲ သည်မှာ ကဏ္ဍခွဲတွေ အဖြစ်တွေ့ရမှာပါ။ ဂရပ်ဖစ်ဒီဇိုင်း သင်ချင်သူ တွေအတွက် လိပ်စာကတော့ http://www.grafx-design.com ပါ။
Gif Animator
ကိုယ်ဓါတ်ပုံလေးတွေကို gif animation လေးတွေလုပ်ချင်တယ် ဆိုရင် ဒီနေရာမှာ သွားလုပ်နိုင်ပါတယ်။ ပထမ အဆင့် အနေနဲ့ ကိုယ်ရဲ့ ဓါတ်ပုံလေးတွေကို upload လုပ်ရမှာ ဖြစ်ပါတယ်။
စက်ထဲက ဓါတ်ပုံတွေဆိုရင် from file ကိုရွေးပေါ့။ ကိုယ့် file ထဲကပုံတွေကို တစ်ပုံချင်းစီ upload လုပ်။ အကယ် ၍ site တစ်ခုခုမှာ host လုပ်ပြီးသားဆိုရင်တော့ from url ဆိုတဲ့ button လေးကိုရွေးပြီး ပုံရဲ့ url ကို ထည့်လိုက်ပေါ့။ အခုကျွန်တော်စမ်း ထားတဲ့ နမူနာကို ပြပါမယ်။ ပုံတစ်ပုံ upload လုပ်ပြီးတိုင်း frame အောက်က save button ကိုနှိပ်ပြီး save လုပ်ပေးရပါမယ်။အခုတော့ ကျွန်တော်ပုံမှာ ပြထားတဲ့အတိုင်း ဓါတ်ပုံ၅ပုံကို upload လုပ်လိုက်ပါတယ်။ ကိုယ်လိုချင်သလောက် တင်နိုင်ပါတယ်။ ကျေနပ်ပြီဆိုရင်တော့ Creat animation ဆိုတာလေးကို နှိပ်လိုက်ပေါ့။ပြီးရင်တော့ ရလာတဲ့ animation လေးကို gif file အနေနဲ့ download ချနိုင်သလို အကယ်၍ blog သို့မဟုတ် website မှာတင်ထားချင်ရင်တော့ Add to gallery ကိုနှိပ်ပြီး save၊ . . . ပြီးရင် link code ယူပြီး ကိုယ်site မှာ တင်နိုင်ပါကြောင်း။
Code ကို install လုပ်ပြီးတဲ့ အခါမှာတော့ အခုလို လှုပ်လှုပ်ရွရွ animation လေးကို ရပါတယ် ခင်ဗျား။

Saturday, February 20, 2010
Web ပေါ်မှာပဲ ဓါတ်ပုံတွေကို အလွယ်တကူ ပြင်လို့ရတဲ့ site လေးတစ်ခုပါ။ tools တွေ တော်တော် စုံစုံလင်လင် ပေးထားပါတယ်။ စိတ်ကြိုက် ပြုပြင်ပြီးတဲ့အခါ ကိုယ်စက်ထဲမှာ သိမ်းထားနိုင်သလို သူရဲ့ site မှာလဲ သိမ်းထား နိုင်ပါတယ်။ သူ့ siteမှာ သိမ်းမယ်ဆိုရင်တော့ register လုပ်ရမှာဖြစ်ပါတယ်။ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်တဲ့ online software လေးပါပဲ။ http://www.sumopaint.com/app/ မှာစမ်းကြည့်နိုင်ပါတယ်။
အနားသတ်ကလေးတွေ ၀ိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ဖန်တီးချင်တယ် ဆိုရင် ဒီ site လေးက ကူညီပါလိမ့်မယ်။ online ပေါ်မှာ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ ဘာ software မှ မသုံးတတ်သေးတဲ့ user တွေအတွက် လွယ်လွယ်ကူကူ လုပ်နိုင်တဲ့နေရာလေးပါ။ စမ်းကြည့် နိုင်ပါတယ်။
Tuesday, February 16, 2010
Monday, February 15, 2010
Subscribe to:
Posts (Atom)