လာရောက်လည်ပတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာရွှန်လန်းချမ်းမြေ့ကြပါစေ.....~~@နေခြည်@~~မှလှိုက်လှဲစွာကြိုဆိုပါသည်...

My Blog List

Tuesday, May 4, 2010

ိုယ်ပိုင် logo များ၊ ငွေစက္ကူများ ပြုလုပ်၍ free download ရယူနိုင်သည့် Festisite
ကိုယ်ပိုင် logo များ၊ နိုင်ငံတကာ ငွေစက္ကူများ၊ Text Layout များ၊ iPhone wallpaper များကို မိမိ၏ ရုပ်ပုံများအစားထိုး၍ free download ရယူနိုင်သည့် funny site တစ်ခုကိုဖေါ်ပြပေးလိုက်ပါတယ်။ Logo များအနေနဲ့၊ Heineken logo, Corona Extra logo စသည်ဖြင့် အဆင်သင့်ရယူနိုင်ပြီး၊ ငွေစက္ကူများအနေနှင့် US, UK, Ukraine, Australian, Canadian, France, Singapore, Japanese, Saudi Riyal, China, Indian, Malaysian, Russia စသည်ဖြင့် ပါဝင်ပြီး နှစ်သက်ရာပုံနှင့် အစားထိုးခါ PNG file အဖြစ် download ရယူနိုင်ပါတယ်။ အသုံးပြုပုံမှာ ထည့်သွင်းလိုသည့် ပုံကို upload လုပ်၍ position arrow, zoom button များကို အသုံးပြုခါ download ရယူရုံပါပဲ။ Logo များ၊ Poem များနှင့် Text Layout များကိုဖန်တီးလိုပါက အဆင်သင့် ပေးထားသော စာသားများကို ရွေးချယ်နိုင်သလို နှစ်သက်ရာစာသားများကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။
Festisite သို့သွားရန်
News
A Piece of Information on Photoshop Actions!
Tuesday, 16 June 2009 00:00 Written by Han Thit Nyeim
ဖိုတိုရှောပ်ရဲ့ အသစ်ပြောင်းလဲမှုတွေထဲမှာ ပါတဲ့ အက်ရှင် (Action) ဆိုတာ လုပ်ပြီးသား Step တွေ Filter တွေကို ပြုလုပ်သွားခဲ့စဉ်ကအတိုင်း သိမ်းထားနိုင်ပါတယ်။ နောက်ထပ် အလားတူ Effect တွေ Filter တွေ ထပ်ထည့်ရမယ့် ပုံတွေ ရှိလာတဲ့အခါမှာ ပထမလုပ်ထားတဲ့ Action ကို အသုံးချပြီး စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ခေါင်းမခြောက်၊ ဦးမစားဘဲ Photoshop ကို ထပ်တူ ပြန်လုပ်ခိုင်းလို့ရပါတယ်။ Photoshop Action နဲ့ ပတ်သက်တာတွေကို Tutorial အဖြစ် လောလောဆယ် မဖန်တီးနိုင်သေးတဲ့အတွက် စိတ်ဝင်စားသူများ လောလောဆယ် ဒီလင့်ခ်တွေမှာ သွားရောက် ဖတ်ရှုလေ့လာနိုင်ပါတယ်။http://www.graphicdesignpro.net/2009/06/photoshop-actions-where-to-get-them-and-how-to-use-them/http://www.photoshopcafe.com/tutorials/actions/actions.htmhttp://www.visual-blast.com/photoshop/124-free-photoshop-actions/http://www.tutorialboard.net/custom-action/http://www.peachpit.com/articles/article.aspx?p=434249ခင်မင်စွာဖြင့်MM Photoshop
Lightroom 2 Beta from Adobe Photoshop
Monday, 07 April 2008 00:00 Written by Han Thit Nyeim
Adobe ကုမ္ပဏီက ဓာတ်ပုံဆရာတွေအတွက် အထူးတလည်ထုတ်ထားတဲ့ Photoshop Lightroom Software ဟာ အခုဆိုရင် နောက်ထပ် Version ဖြစ်တဲ့ Lightroom 2 Beta ကိုတရားဝင် Official Release လုပ်လိုက်ပါပြီ။ 'Simplify Photography from Shoot to Finish' ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြော်ငြာဝင်ခဲ့တဲ့ Lightroom Software ဟာ Professional Photographer တွေအတွက် Post Production Work လို့ခေါ်တဲ့ ဓာတ်ပုံရိုက်ပြီးလိုအပ်တဲ့ကိစ္စတွေ၊ ထောင်ပေါင်းများစွာသော Digital Image တွေကို ကိုယ်တွယ် Mangae လုပ်ရာမှာ အဆင်ပြေစေပါတယ်။ ဟိုးရှေးရှေးက Professional Photographer တွေ အသုံးပြုတဲ့ Manual Darkroom (အမှောင်ခန်း) နဲ့ မခြား အသုံးပြုနိုင်တယ်လို့ ကြေငြာထားတဲ့ Adobe ရဲ့ Digital Lightroom အစွမ်းထက်ပုံကို စောင့်ကြည့်ကြပါစို့လား။ Adobe Lightroom နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။http://www.adobe.com/products/photoshoplightroom/
Photoshop Contests
Wednesday, 05 December 2007 00:00 Written by Han Thit Nyeim
Worth 1000 ဟာ Photoshop နဲ့ဖန်တီးတဲ့ Special Effect ကောင်းကောင်းများကို ကြည့်ရှုလေ့လာ၊ သင်ယူ၊ ပြိုင်ပွဲဝင်နိုင်တဲ့ နေရာပါ။ http://www.worth1000.com/ အဲဒီ Link ကတော့ Home Page ပါ။http://www.worth1000.com/galleries.asp?display=ရင်သပ်ရှုမောဖွယ်ရာ Photoshop လက်ရာများကို ကြည့်နိုင်ပါတယ်။ ""Nothing is Impossible with Photoshop"" ဆိုတာကို အဲဒီမှာတွေ့ရပါလိမ့်မယ်။http://www.worth1000.com/tutorial.aspအဲဒီမှာ Tutorial ဆန်းဆန်းပြားပြားတွေကို လေ့လာနိုင်ပါတယ်။http://www.worth1000.com/cdir.asp?display=ဒါကတော့ Photoshop ၀ါသနာအိုးများအတွက် ထိုSite က စဉ်ဆက်မပြတ်ပြုလုပ်ပေးနေတဲ့ ပြိုင်ပွဲများရှိတဲ့နေရာပါပဲ။

Sunday, May 2, 2010

မိမိကိုယ်ပိုင် Toolbar တစ်ခု ဖန်တီးခြင်း
« ရေးသားချိန် ->: March 27, 2010, 10:11:53 AM »
ကိုးကား ကျေးဇူး
မိမိကိုယ်ပိုင် စိတ်ကြိုက် Toolbar တစ်ခုကို ပြုလုပ်လို့ ရတဲ့ ဆိုဒ်လေးပါ ..ဘာပဲဖြစ်ဖြစ် အပျင်းပြေပေါ့ ဗျာ ..ဒီနေရာလေးမှာ လေ့လာနိုင်ပါတယ် ..
ကိုးကား
http://accounts.conduit.comမှတ်ချက်။ ကျွန်တော်၏ကိုယ်ပိုင် မဟုတ်ပါ ..ဖတ်မိတာလေး ပြန်လည်း မျှဝေခြင်းသာ ဖြစ်သည် ။အသိတစ်ခုတိုးခဲ့ တဲ့အတွက် ကိုKznT ကိုကျေးဇူးတင်ပါတယ် ....

Friday, April 30, 2010

စိတ်ဝင်စားဖွယ် Website များ
Author: နေမင်းသိန်း at : Wednesday, April 28, 2010 Category :
http://www.artistdirect.com/
အွန်လိုင်းမှတစ်ဆင့် သီချင်းများ၊ ဗီဒီယိုများ၊ သီချင်းစာသားများကို အခမဲ့ရယူနိုင်တဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်တွင် နောက်ဆုံးထွက်သီချင်းများ၊ အယ်ဘမ်များ၊ နောက်ဆုံးပေါ် ဗီဒီယိုနှင့်ရုပ်ရှင်ဇာတ်လမ်းများ၊မင်းသား၊ မင်းသမီးများ၏ ဓာတ်ပုံများ၊ ကိုယ်ရေးရာဇ၀င်များကို အခမဲ့ကြည့်ရှုနိုင်ပါတယ်။ ၀က်ဘ်ဆိုက်မှာphoto ကဏ္ဍပါဝင်ပြီး၊ ဓာတ်ပုံပေါင်းမြောက်များစွာကို ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်တာဗျူးကဏ္ဍမှာတော့ မင်းသား/မင်းသမီး၊ အဆိုတော်များ၏ အင်တာဗျူးများစွာကို ဓာတ်ပုံနှင့် ယှဉ်တွဲပြီးဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ရုပ်ရှင်ဗီဒီယိုနှင့်သီချင်းဝါသနာရှင်များ နှစ်သက်စေမည့် ဆိုက်တစ်ခုဖြစ်ပါတယ်။
http://www.usingenglish.com/
အင်္ဂလိပ်စာဘာသာရပ်နဲ့ပတ်သက်ပြီးတော့ အခြေခံမှပြီး အဆင့်မြင့်သင်ခန်းစာများအထိ အလွယ်အတူ လေ့လာနိုင်မည့် ၀က်ဘ်ဆိုက်တစ်ဖြစ်ပါတယ်။ site ထဲမှာ အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့်သင်ခန်းစာများအပြင် ဆရာ၊ ဆရာမများအတွက်ပါ အထောက်အကူဖြစ်စေမည့် ဆောင်းပါးနှင့် သင်ကြားနည်းစနစ်များကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ အမြဲတမ်းအသုံးရန်အတွက် rigister ပြုလုပ်ထားနိုင်သလို အလည်အပတ်အနေဖြင့်ပါ ၀င်ရောက်လေ့လာနိုင်ပါတယ်။
http://www.nationalgeographic.com/
ဒါကတော့ သဘာဝပတ်ဝန်းကျင်သများများအကြား အထူးရေပန်းစာတဲ့ဆိုက်ပါ။ သဘာဝရှုခင်းပုံအများအပြားနှင့်အခြားဓာတ်ပုံများစွာကို အခမဲ့ရယူနိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။ ရှုခင်းပုံများ၊ ပန်းပုံများ၊ သဘာဝအလှပုံများအစရှိသဖြင့် မြောက်များစွာတွေ့ရပါတယ်။ ဆိုက်မှာထည့်သွင်းထားသော wallpaper များ ကြည်လင်ပြတ်သားပြီး ပုံထွက်အရည်အသွေး အထူးကောင်းမွန်ပါတယ်။ နောက်ပြီး အခြားဓာတ်ပုံများနှင့် wallpaper များစွာကို အခမဲ့ရယူနိုင်မယ့် ဆိုက်များနှင့်ပါ ချိတ်ဆက်ထားပေးပါတယ်။ ဒါကြောင့် ကွန်ပျူတာ wallpaper များနှင့်သဘာဝရှုခင်ပုံများစွာကို အခမဲ့ရယူလိုသူတွေနှစ်သက်သဘောကျမည့် ဆိုက်တစ်ခုဖြစ်ပါတယ်။
http://www.medicinenet.com/
ဒါကတော့ ဆေးပညာနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာနိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။ ဆိုက်မှာ နည်းပညာဆိုင်ရာဆောင်းပါးများ၊ သင်ခန်းစာများအပြင် အလွယ်တကူ ဖတ်ရှူနိုင်မည့် ဆောင်းပါးနှင့်သတင်းများကိုလည်းထည့်သွင်းပေးထားပါတယ်။ ဆေးပညာအပြင် စိတ်ဝေဒနာရောဂါနှင့် ကုသပုံများ၊ ခန္ဓာကိုယ်အဆီချခြင်းနှင့်ပတ်သက်သောပြဿနာရပ်များ၊ အခြားရောဂါဝေဒနာများကို ဓာတ်ပုံများနှင့်ရှင်းလင်းလွယ်ကူစွာ ဖော်ပြပေးထားပါတယ်။ ဆေးပညာဆိုင်ရာနှင့်ပတ်သက်ပြီး အလွယ်တကူလေ့လာဖတ်ရှုနိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။

Wednesday, April 28, 2010


ပုံများကို စာသားဖြင့် ပြောင်းနည်း

http://www.text-image.com/convert/
ပုံများကို စာသားဖြင့် တည်ဆောက် ထားမှုမျိုး ပြောင်းလည်းပေးတဲ့ ဆိုဒ်လေးပါ။မူရင်း ပုံများ တိုက်ရိုက် မတင်လိုရင် သို့ ဆန်းသစ်သော စိတ်ကူး အဖြစ်ပြောင်းလည်း တင်ပြ နိုင်ပါတယ်။ ပုံကို Upload တင်ပြီး HTML,ASCII,Mstrixstyle တို့သို့ နှစ်သက်ရာ အရောင် အရွယ်အစား ပုံများကို ကြည့်လိုက်ပါ။

Friday, April 23, 2010

1 vote
ကဲ အခုကျွန်တော်ပေးလိုက်တဲ့ ၀ဘ်ဆိုက်ကနေ gtalk ကို ချက်လို့ရပါတယ် ..၀င်လို့ရတဲ့ဆိုက်တွေကတော့ !! http://www.webuzz.im/ , http://www.ebuddy.com/#gtalk , http://www.plugoo.com,ဥပမာတစ်ခုပြလိုက်ပါ့မယ် .. http://webuzz.im/ ကိုဝင်လိုက်ပါ ... အပေါ်မှာ ဓါတ်ပုံနဲ့ပြထားပါတယ် .. ဆိုက်ရဲ့ အောက်ခြေမှာgtalk ကိုတွေ့ပါလိမ့်မယ် . အဲ့ဒီ့ icon လေးကို ကလစ်လိုက်တာပြီး gtalk ကိုဝင်ချက်လို့ရပါတယ် .. သူက online chatting system ဖြစ်ပါတယ် .. gtalk ကိုinstall လုပ်စရာမလိုပါဘူး .. ၀ဘ်ပေါ်မှာတင် ချက်လို့ရပါတယ်
http://www.meebo.com/