လာရောက်လည်ပတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာရွှန်လန်းချမ်းမြေ့ကြပါစေ.....~~@နေခြည်@~~မှလှိုက်လှဲစွာကြိုဆိုပါသည်...

My Blog List

Monday, March 29, 2010


5Share
စာမရေးဖြစ်တာလည်း ကြာပြီဗျ။ အရင်က စိတ်ကူးတစ်မျိုးဖြစ်တယ်ပေါ့နော်။ ရေးသမျှတွေ ကောင်းချင်တယ်။ ဆိုလိုချင်တာက တကယ်ကြိုးစားပြီး ရေးထားတာတွေကိုပဲ လာဖတ်တဲ့သူတွေကို ပေးချင်တာ။ ဒါပေမယ့် လက်ရှိအခြေအနေ … ကျောင်းရဲ့ lab ခန်းထဲမှာ တစ်နေကုန်ပြီး ပြန်လာရင် ခြေကုန်လက်ပန်းကျလို့ …. အဲလို အချိန်မလှည့်နိုင်တာရယ်၊ စာတွေအားလုံး ကောင်းချင်တာရယ် ပေါင်းလိုက်တော့ ပို့စ်တက်မလာတော့ဘူး။ အစတွေ ဆွဲထုတ်ပြီး အချိန်မလောက်တော့ မဆုံးတော့ဘူး။ draft post တွေ တော်တော်များနေပြီ။ ဒီတိုင်းသာ ဆက်သွားရင် သံလုံငယ် ဆိုဒ်ကို တစ်လ တစ်ခါဖွင့်ကြည့်ရုံနဲ့ လုံလောက်တယ်ဆိုပြီး ဖြစ်သွားတော့မယ်။ အဲဒါနဲ့ပဲ အစီအစဉ်တွေ ပြောင်းဆွဲပါတယ်။ ကျနော်နေ့တိုင်း အချိန်မှန်မှန် စာရေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဘာမှ မရေးတာထက်တော့ ကောင်းမွန်တဲ့ ရလာဒ်တွေ ပေးနိုင်မယ်လို့ ထင်ပါတယ်။ အခုလည်း ကျနော်ရဲ့ လက်ရှိ မိနစ်ပိုင်းအထိ အကြိုက်ဆုံး website တွေကို လက်တို့ ပြောပြချင်ပါတယ်။ လိုအပ်တဲ့သူတွေအတွက်တော့ အများကြီး အသုံးဝင်သွားမှာပါ။ ကျနော်လည်း နေရာတော်တော်စုံအောင် လျှောက်သွားတတ်တဲ့ web visitor တစ်ယောက်ပါ။ အဲဒါတွေထဲကမှ စတွေ့တဲ့အချိန်ကနေ အခုမိနစ်ပိုင်းလေးအထိ မဖြစ်မနေ သွားရောက် လေ့လာနေရဆဲ ဖြစ်သော နေရာတွေကိုသာ ဖော်ပြမှာပါ။ (မရေးရတာ ကြာလို့ လွမ်းလွမ်းနဲ့ စကားရှည်နေတာပါ ဟဲဟဲ)ကျနော်ကြိုက်တဲ့လင့်တွေအကြောင်း ဒီပို့စ်မှာ ရေးပြီးဖြစ်ပါတယ်။ free download လုပ်နိုင်သော် website များကိုလည်း ဒီပို့စ်မှာ ဖော်ပြပြီးဖြစ်ပါတယ်။
Graphic —
graphic ပိုင်းနဲ့ ပါတ်သတ်ပြီး ကျနော်တစ်ခါမှ မပြောပြဘူးသေးတဲ့ နေရာတွေကို ပြောပြပါ့မယ်။
http://www.tutorial9.net/သူ့ဆိုဒ်ရဲ့ နာမည်နဲ့ လင့်ကတော့ Tutorial9.net ဗျ။ ဒါပေမယ့် သူ့ဆီမှာ အထူးခြားဆုံး အစီအစဉ်လေး တစ်ခုရှိတယ်။ photoshop school တဲ့ဗျ။ သူ့ sidebar မှာ အခုကျနော်ပြထားတဲ့ပုံအတိုင်း လင့်ချိတ်ထားတယ်။ ကျောင်းတွေရဲ့ အဆင့်အတိုင်း preschool မှသည် grade 9 အထိ အခြေခံတွေကို အဆင့်ဆင့် ရေးသားပေးထားတယ်။ (မကြာခင်မှာ grade 10 level ကို ရေးသားမှာ ဖြစ်ပါတယ်)။ ဒါတင်မက အဆင့်အမြင့်ဆုံးသော photoshop drawing and creation တွေကိုလည်း အလွယ်ကူဆုံးဖြစ်အောင် ရေးပေးထားတယ်။ ကျနော်က photoshop ဆိုရင် နေရာစုံအောင် ဖတ်တဲ့သူပါ။ ဘယ်သူရေးရေးဖတ်တယ်။ ဒီဆိုဒ်လောက် အဆင်ပြေတာမရှိဘူး။ သူပြထားတဲ့ tutorial ကိုတောင် psd အဖြစ် ဒေါင်းလုပ်ပေးပါတယ်။ photoshop ကို ဓါတ်ပုံပြင် ပုံဆွဲ ဆိုတာတွေသာမက photography အပိုင်းတွေ၊ web design ပြုလုပ်နည်းတွေကလည်း tutorial တွေအနေနဲ့ ရေးပြပေးထားတယ်။ brush တွေ၊ icon တွေ စတဲ့ tutorial အတွက် လိုအပ်တာတွေကိုလည်း free download ပေးထားပါတယ်။ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးအဖြစ် ကျနော် vote ပါတယ်။
http://www.colorhunter.com/အရောင်တွေနဲ့ ပါတ်သတ်ပြီး အများကြီး လေ့လာသုံးစွဲနိုင်တဲ့ လင့်တစ်ခုပါပဲ။ ဒီဆိုဒ်ကတော့ designer တွေအတွက် အဆင်ပြေလိမ့်မယ်။ (ကျနော်အပါအ၀င်) ဘယ်အရောင်ကို ဘယ်လိုသုံးရမှန်းမသိ ဖြစ်နေတဲ့ အရောင်လိုက်ဖက်မှု မရွေးတတ်သေးသူများအတွက်လည်း အသုံးဝင်လိမ့်မယ်။
http://www.worth1000.com/tutorialsဒီဆိုဒ်ကတော့ tutorial9 လောက် မပြည့်စုံပေမယ့် သူရေးထားတဲ့ tutorial တွေရဲ့ အိုင်ဒီယာ က အလန်းဗျ။ အားလုံး စိတ်ဝင်စားဖို့ကောင်းတဲ့ creation တွေချည်းပဲ။ အဲဒါတွေကြောင့် ဒီဆိုဒ်ကို ကြိုက်တာ။ ပြီးတော့ သူ့ရဲ့ toolbar လေးကို စမ်းသုံးကြည့် မိုက်တယ်။ graphic ပိုင်း စိတ်ဝင်စားသူဆိုရင်တော့ bookmark ထဲမှာ မလွဲမသွေ နေရာပေးထားသင့်တဲ့ ဆိုဒ်ပဲပေါ့ …
http://www.photoshopstar.com/ဘာမှတောင် ပြောစရာမလိုလောက်ဘူး။ သူ့လင့်ကိုပဲ တစ်ခါလောက် သွားလည်လိုက်။ ပထမဆုံး စာမျက်နှာမှာ မြင်ရမယ့် tutorial ပုံတွေကြောင့် ဆက်မကြည့်ပဲ မနေနိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်။ အဲ့လောက်တောင် လန်းတဲ့ tutorial တွေရှိတယ်။ နည်းနည်းလေးသာ အပင်ပန်းခံလိုက်လုပ် သိချင်သမျှ အားလုံးရှိပါ့ဗျာ …
Download …
download အတွက် များစွာပေးပြီးခဲ့ပေမယ့် ကျန်ရှိနေသေးတဲ့ ပြောသင့်ပြောထိုက်တဲ့ နေရာတွေ ထပ်မံဖြည့်စွက်လိုက်ပါတယ်။
http://www.x64bitdownload.com/64-bit OS သုံးသူတွေအတွက် 64-bit software တွေ လိုက်ရှာရတာက လက်ရှိအခြေအနေမှာ အပင်ပန်းဆုံး ပြဿနာဖြစ်နေပါတယ်။ 64-bit windows ကို သုံးမှသာလျှင် 4GB RAM တပ်ဆင်ထားသူများ အပြည့်အ၀ အလုပ်လုပ်မှာပါ။ (32-bit windows တွေက RAM ကို 3GB ထိပဲ usable ဖြစ်ပါတယ်) Core 2 နောက်ပိုင်း CPU တော်တော်များများကလည်း 64-bit သုံးနိုင်ပြီး၊ graphic ပိုင်းလည်း ပိုကောင်းတာကို မြင်ရမှာပါ။ ဒါပေမယ့် 64-bit OS တွေ မတွင်ကျယ်တာကတော့ 32-bit application တွေကို အသုံးပြုလို့ မရတော့တာကြောင့်လို့ ကျနော်ထင်ပါတယ်။ အရင်ဝယ်ယူ (ကြားကောင်းအောင် ပြောရတာပဲလေ) ဒေါင်းလုပ်ချထားတဲ့ software တွေက 32-bit အတွက်ပဲဖြစ်ပြီး၊ 64-bit windows တင်လိုက်တဲ့အခါမှာ install လုပ်လို့မရတော့ဘူး။ သူ့အတွက် တကူးတက လိုက်ရှာနေရရော။ လိုက်ရှာနေစရာမလိုပဲ ထိုင်ရှာလို့ရတဲ့ နေရာတစ်ခုကို ပြောပြမလို့ပါ။ 64-bit software အားလုံးကို ဒီဆိုဒ်မှာ တင်ပေးထားတယ်။ 64-bit သီးသန့်ဖြစ်တဲ့အတွက်ရယ်၊ လက်ရှိအနေအထားမှာ ရှားပါးဆိုဒ် ဖြစ်တာရယ်ကြောင့် အသိပေး ပြောပြလိုက်ရပါတယ်။ (မောလိုက်တာဗျာ … ကြော်ငြာခလည်း မရဘူး)။
http://download.cnet.com/ဒီဆိုဒ်ကတော့ ကြာပြီ။ ကျနော့်အတွက် ပထမဆုံး software sharing ကိုတွေ့ခဲ့တဲ့ ဆိုဒ်ဖြစ်ပါတယ်။ ဘာလို့ ဒါကို ပြန်ရေးရလဲ ဆိုတော့ တော်တော်များများက သိနေပြီးပြီဆိုပေမယ့် မသုံးဖြစ်ကြဘူးဗျ။ သူ့မှာက freeware တွေရှိသလို ရောင်းတာတွေလည်းရှိတယ်။ hosting ခံပေးပြီး software တော်တော်များများကို စပွန်ဆာ လုပ်ပေးထားပါတယ်။ အသုံးဝင်တာကတော့ freeware လေးတွေ ရှာတဲ့နေရာမှာ တော်တော်လေး အသုံးဝင်ပါတယ်။ search box မှာ လိုချင်တဲ့ နာမည်လေးရိုက်ထည့်လိုက် ပေါ်လာတဲ့ result မှာ free ကိုပဲ ရွေးလိုက်၊ မိမိလိုချင်တဲ့ software နဲ့ ပါတ်သတ်ပြီး freeware ဘာတွေရှိလဲသိရတာပေါ့။ တော်တော်လည်း up to date ဖြစ်ပါတယ်။ နောက်ပြီး winrar ကဲ့သို့သော software တွေ လိုချင်တိုင်း ဒီနေရာမှာပဲ လာဒေါင်းပါတယ်။ တော်တော်များများကို .exe ဖိုင်အတိုင်း ဒေါင်းလုပ်ပေးထားပါတယ်။ (အရင်က ကျနော် မစဉ်းစားပဲ တလွဲလုပ်ဘူးသေးတယ်။ winrar ကို share ပေးပါတယ်ဆိုမှ rar ဖိုင်နဲ့ ချုံ့ပြီးပေးလိုက်တယ်။ အေးရော … rar မရှိပဲ rar ကို ဘယ်လိုဖြည်မလဲ။ နော် … လွဲပုံများ ပြောပါတယ်)။ အဲလို freeware အသေးစားလေးများအတွက် အကောင်းဆုံး ရှာဖွေနိုင်တဲ့ နေရာတစ်ခုပေါ့။
http://www.downtr.net/downtr ကတော့ Game တွေ၊ movie တွေအတွက် အတော်လေးစုံတယ်။ တော်တော်လည်း update ဖြစ်တဲ့ နေရာလေးပေါ့။ အရင်လင့်ပေးထားတဲ့ site တွေလိုပါပဲ။ free hosting တွေကနေ ဒေါင်းလုပ်အတွက် တင်ပေးထားလိမ့်မယ်။
(download အတွက် link တွေကတော့ ပြောမကုန်ပဲဗျ။ များသွားရင် ရှုပ်ကုန်မယ်။ နောက် ဒီ့ထက် အဆင်ပြေတာ ထူးခြားတာရှိမှ ဆက်ပြောပါ့မယ်)
Web design and Script
http://www.dynamicdrive.com/style/css ကိုသုံးပြီး လုပ်လို့ရတဲ့ web effect အားလုံး preview နဲ့တကွ ပြထားလိမ့်မယ်။ မိမိ web မှာ ဘာထည့်ချင်လဲ ။ သူပြထားတာတွေကြည့်ပြီး ထည့်ပေးရုံပဲ။ အချို့ကို JavaScript နဲ့ တွဲသုံးထားတာ။ အဲဒီအတွက် လိုအပ်တဲ့ js ဖိုင်ကို download ပေးပါတယ်။ css နဲ့ ပါတ်သတ်ပြီး လုပ်နိုင်တာတွေ အများကြီး မြင်ရမှာပါ။
http://www.w3schools.com/w3school ကတော့ နာမည်နဲ့လိုက်အောင် ပြည့်စုံတဲ့ site တစ်ခုပါပဲ။ www. အတွက် ကျောင်းကြီးတစ်ခုကဲ့သို့ ဘာသာရပ်မျိုးစုံကို လေ့လာနိုင်ပါတယ်။ web building အတွက် လိုအပ်တဲ့ HTML, CSS, JavaScript, PHP, XML, SQL, ASP, …. စတဲ့ web ပိုင်းဆိုင်ရာ programming များကို တစ်ဆင့်ပြီးတစ်ဆင့် အခြေခံမှ စ၍ လေ့လာနိုင်အောင် ရေးသားဖော်ပြထားပါတယ်။ web programming လေ့လာမယ်ဆိုရင်တော့ အပြည့်ဝဆုံး ကူညီပေးနိုင်မယ့် နေရာတစ်ခုပေါ့။
ဒီလောက်ဆိုရင်တော့ ဒီပို့စ်အတွက် ကျေနပ်ကြမှာပါ။ နောက်ဆုံး website တစ်ခုကိုတော့ လူငယ်တော်တော်များများ ရင်ခုန်ကြတဲ့ Hacking နဲ့ ဇာတ်သိမ်းပေးပါ့မယ်။ http://www.hiretohack.net/ကျနော့်ကို ဒီနစ်လေး ဟတ်ပေးပါတို့၊ ဒီဝဘ်လေး ဟတ်လို့ရမလား တို့ လာလာမေးသူများအတွက် သွားရောက်ဆက်သွယ် ကြပါကုန် ….. (Hacking နဲ့ ပါတ်သတ်ပြီး ကျနော်မျိုးစုံအောင် ပြောခဲ့ပြီးပါပြီ။ မိမိဘာသာ စဉ်းစား တွေးတောပြီးမှ ဆုံးဖြတ်ပါ။ ကျနော်ပေးတဲ့လင့်ဆိုပြီး အပြည့်အ၀ယုံကြည်မနေပါနဲ့။ ကျနော်နဲ့ မည်သို့မျှ မပါတ်သတ်သော လင့်တစ်ခုသာ ဖြစ်ပါတယ်။ ဒါမျိုးလည်း ရှိပါလားလို့ သိသွားအောင် ပြောပြတာပဲ ရှိပါတယ်။ ဒီလင့်နဲ့ ပါတ်သတ်ပြီး နောက်ဆက်တွဲ ပြဿနာများအားလုံး ကျနော်နှင့် မည်သို့မျှ မသက်ဆိုင်ပါ)
အဆင်ပြေပါစေ …

Monday, March 22, 2010

: ကိုယ့်ချစ်သူနံမည်ကိုမြင့်မားတဲ့ တစ်နေရာကနေအသကုန် အော် ဟစ်ခွင့်ရလိုက်သလိုကြည်နူးခွင့်ရသွားမှာမှို့ခုဘဲစမ်းကြည့်လိုက်နော်။ http://www.star28.net/snow.html

Friday, March 19, 2010

Bit Defender 2010 Antivirus
.fullpost{display:none;}

Click ! Image to zoom! Antivirus ပါ။ တချို့ နိုင်ငံခြား ဖိုရမ်တွေ Blog တွေမှာ ဘယ် Antivirus အကောင်းဆုံးလဲ ဆိုတာကို Vote ထောင်ပြီးတော့ မေးကြပါတယ် ။ အဲဒီ့အခါကျရင် လူတော်တော်များများ ကတော့ Bit defender ကိုပဲ ပိုပြီးတော့ Vote ကြပါတယ် ။ အကောင်းဆုံးဆိုပြီးတော့ နော်...ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေ ကတော့ Kasper မှ Kasper က အကောင်းဆုံးပဲ .. :) :) လူတစ်မျိုး အကြိုက်တစ်မျိုးပေါ့ .. ကွဲလွဲ ပိုင်ခွင့်ရှိပါတယ် ... ကဲ ထားပါတော့ ... အခု တခြားသူတွေ အကောင်းဆုံးလို့ ပြောကြတဲ့ Bit defender ကို စမ်းပြီးတော့ သုံးကြည့် ချင်တယ်ဆိုရင်တော့ အောက်မှာ ယူလိုက်ပါခင်ဗျာ..... ကျွန်တော် Multi နဲ့ Mediafire ကနေပြီးတော့ တင်ပေးလိုက်ပါတယ် ...Multi ကနေပြီးတော့ ဒေါင်းမယ်ဆိုရင်တော့ ဖိုင်တစ်ဖိုင်ထဲဒေါင်းရုံပါပဲ .. ဒါပေမယ့် Mediafire ဆိုရင်တော့ ဖိုင်နှစ်ခုလုံးကို ဒေါင်းဖို့လိုပါတယ် .. ပြီးမှ ကိုယ့်ဆီကိုရောက်ပြီဆိုမှ အဲဒီ့ Mediafire ကဒေါင်းထားတဲ့ ဖိုင် ၂ ခုကို ပေါင်း ပြီးတော့ ဖြည့်လိုက်ပါခင်ဗျာ... ယူပြီးတော့ သုံးမယ်ဆိုရင်တော့ အောက်မှာနော် ...
ဒီမှာ ဒီအချက်ကတော့ အရေး ကြီးပါတယ် .. သူ့ကို သုံးမယ်ဆိုရင် ပေါ့..အရင်ဆုံး ကျွန်တော်ပေးထားတဲ့ အထဲက Bitdenfender antivirus ဆိုတာကို Run လိုက်ပါ .. Run လိုက်ရင် သူ က Update version ရှိမရှိ စစ်ပါလိမ့်မယ် ..တကယ်လို့ ရှိခဲ့တယ်ဆိုရင် သူ့ဘာသာသူ Download ချပြီးတော့ Run ခိုင်းပါလိမ့်မယ် .. အဲဒါဆိုရင် Run လိုက်ပါ ..Run ပြီးသွားပြီဆိုရင် သူက စက်ကို restart ချခိုင်းပါလိမ့်မယ် .. ချခိုင်းရင် မချလိုက်ပါနဲ့အုံး ... (ချလိုက်ရင် အဲဒီ့ Patch ကို Run မရပဲ ဖြစ်သွားပါ့မယ်။ အဲဒါဆိုရင် Full version ကို မရနိုင်တော့ပါဘူး ) ကျွန်တော် ပေးထားတဲ့ အထဲက Patch BitDefender ဆိုတာကို Run ပေးလိုက်ပါခင်ဗျာ .. အဲဒါပြီးရင် Restart ချပေးလိုက်ပါ.. Full version ကို ရသွားပါ့မယ် ... သူ့ထဲမှာရေးထားတာကတော့ 2047 ထိပဲ .. ကျွန်တော် အခုသုံးနေတာတော့ ရက်ပေါင်း 13834 ရက်ကျန်ပါသေးတယ် .... :) အဆင်ပြေပါစေခင်ဗျာ...

Saturday, March 6, 2010

Sumo Paint (online editor)
on 11:29 AM
Labels: , ,

SumoPaint လေးကဆော့ဝဲလေးလဲဟုတ်သလို Online editor လည်းဖြစ်ပါတယ်Online မှာသွားပြီးအပုံတွေကိုပြင်လို့ရပါတယ်....အဲဒီကောင်ကိုသုံးမယ်ဆိုရင်မသုံးခင်သူ့ ဆိုက်မှာသွားပြီး Register သွားလုပ်လိုက်ပါခင်ဗျာ...အဲဒါမှကိုယ်လုပ်ထားတဲ့ပုံတွေ ကိုယ့်အကောင့်ထဲဝင်မှာဖြစ်ပါတယ်။ပြီးရင် အောက်မှာပေးထားတဲ့Registerလင့်ခ်လေးမှာသွား၍Registeလိုက်ပါ။အောက်ကပေးထားတဲ့လင့်ခ်မှတစ်ဆင့်သွားနိုင်ပါတယ်။
Register Or Go OnlineVideo လေးပါထည့်ပေးလိုက်တယ်နော်။ Readall ကိုနှိပ်ပြီးကြည့်နိုင်တယ်။
nero

Friday, March 5, 2010

ကျနော် အရင်က pdf ဖိုင်တွေကို ပြန်ပြင်ရင် ဘယ်လိုပြင်ရမှန်းမသိဘူးဗျာအင်တာနက်ထဲ လိုက်ရှာတော့လည်း တွေ့ပါတယ် ဟိုလိုလို ဒီလိုလိုနဲ့စိတ်ပျက်ပြီး မရဘူး လုပ်နေတာ ဖြစ်ချင်တော့ တစ်နေ့က ဖိုင်တစ်ဖိုင်က ပရင့်ထုတ်မရဘူးဗျာ ဘာဖြစ်တယ်မသိဘူး အဲ့ဒါလုပ်နေကြပဲ Google ကိုပဲ အားကိုးရတာပေါ့ . ရှာလိုက်တော့ ဘာမှ ဒေါင်းစရာ မလိုဘူးဗျာဝက်ဆိုဒ်ကနေ ပြောင်းပေးသွားတာ ဒါပေမဲ့ သူကတော့ အီးမေးလ် အကောင့်ကို ထည့်ပေး၇တယ်
သူပြောင်းပြီးသားဖိုင် ပြန်ပို့ပေးဖို့ပေါ့ . အဲ့ဒီနေရာကိုသွားချင်ရင်တော့ www.pdftoword.comဆိုပြီးအလွယ်တကူ ရိုက်လိုက်ပေါ့ဗျာ ဒါဆိုရင် အဆင်ပြေပါတယ်ပြောင်းချင်တဲ့ဖိုင်ကို Browse ကနေ လှမ်းဆွဲယူ ပြီးရင် နောက်အကွက်ထဲမှာကိုယ့် အီးမေးလ်ကိုထည့်ပေးလိုက် ပြီးရင်တော့ convert ကိုနှိပ်ပေးလိုက်အဆင်ပြေပါလိမ့်မယ် ...